Sunday Film Programme

Sunday February 2 / 1.30PM - 9PM

Sunday Afternoon Shorts (starts at 1.30PM)

The road to acceptance (Timor Leste, 15')
Dir.: Hatutan, ASEAN SOGIE Caucus
15:00' / 2018 / Tetum

There´s something going on in Timor Leste since the recent independence of the country. A social movement on diversity is starting. This former Portuguese colony has started its road to acceptance. Our first ever film from Timor Leste!

မကြာသေးခင်က တိမောလက်စ်တေး နိုင်ငံမှာ လွတ်လပ်ရေးရပြီးတဲ့နောက် ကွဲပြားမှုတွေနဲ့ ပတ်သတ်ပြီး လူမှုရေးဆိုင်ရာ လှုပ်ရှားမှုတွေ စတင်လာခဲ့တယ်။ ယခင်ပေါ်တူဂီနယ်ချဲ့လက်အောက်ခံနိုင်ငံဖြစ်ခဲ့တဲ့ ဒီနိုင်ငံမှာ လက်ခံမှုအတွက် လမ်းစဉ်စနေပါပြီ။ ပထမဦးဆုံးအကြိမ် တိမောလက်စ်တေးမှ ရုပ်ရှင်ကို ပြသခွင့်ရတာဖြစ်ပါတယ်။

Sammy the Salmon (Australia, 6')
Dir.: Jake Shannon
6:00' / 2018 / English

A funny short film on accepting your sexual identity and coming out to society in a positive way. Sammy is a talking fish who offers life advice to XX who is planning to marry his girlfriend. But then Sammy gets in the way and the outcome is completely unexpected!

မိမိရဲ့လိင်ပိုင်းဆိုင်ရာ ဖြစ်တည်မှုကို လက်ခံခြင်း နဲ့ ထုတ်ဖော်ပြောပြခြင်းကို အပြုသဘောဆောင် ရိုက်ကူးထားတဲ့ ဟာသ ဇာတ်လမ်းတိုလေးပဲ ဖြစ်ပါတယ်။ ဆမ်မီဟာ စကားပြောတတ်တဲ့ ငါးလေးတစ်ကောင်ဖြစ်ပြီး XX ဟာ သူ့ရဲ့ ချစ်သူနံ့ လက်ထပ်ဖို့ ပြင်ဆင်နေတာကို ဘဝဆိုင်ရာ အကြံပေးရာမှ လုံးဝ မထင်ထားတဲ့ ရလာဒ်တွေ ဖြစ်လာပါတော့တယ်။

Sunken Plum (China, 20)
Dir.: Roberto F. Canudo and Xu Xiaoxi
20:00' / 2017 / Sichuanese

Set in contemporary China, Sunken Plum follows Li Wanjing, a trangender woman who, after a long time living in the city, must now return to her home village in the mountains after her mother passed away. Once in the village she needs to confront her past and her mothers ghost.

မျက်မှောက်ခေတ် တရုတ်ပြည် ရှိ ဆန်ကမ်ပလမ် ဒေသ တွင် အခြေပြုထားပြီး မိခင်သေဆုံးသွားလို့ မြို့မှာ အကြာကြီးနေရာကနေ တောင်ပေါ်ကရွာကို ပြန်ရမဲ့ လိင်ပြောင်းလဲ ခံယူထားသူ အမျိုးသမီးဖြစ်တဲ့ လီဝမ်ဂျင်းအကြောင်းဖြစ်ပါတယ်။ ရွာရောက်တော့ သူမ အနေနဲ့ အတိတ်အကြောင်းများနဲ့ မိခင်ရဲ့ ဝိညာဉ်ကို ရင်ဆိုင်ရပါတော့တယ်။

Grey (India, 30')
Dir: Preet
30:00' / 2018 / India / Hindi, English

Nandini loves her husband Rohit. But Rohit loves Zoel, a male artist. Things get even more complicated when Rohit plans to have a child, so that Nandini will get busy with her life as a mother. Will Rohit´s true sexual identity remain secret?

နန်ဒီနီသည် သူမ၏ ခင်ပွန်းဖြစ်သူ ရိုဟစ်ကို ချစ်သော်လည်း ရိုဟစ်က အမျိုးသား အနုပညာရှင် ဒိုအယ်ကို ချစ်နေသည်။ ရိုဟစ်မှ ကလေးလိုချင်သောကြောင့် နန်ဒီနီ မှ မိခင်တစ်ဦး ဘဝ ရပြီးနောက် ဇာတ်ကြောင်းများ ပိုရှုပ်လာခဲ့ရာ ရိုဟစ်၏ လိင်မှုဆိုင်ရာ ဖြစ်တည်မှု အစစ်အမှန်မှာ ဆက်လက်လျှို့ဝှက်ထားတော့မလား။

Her Bath (Korea, 19')
Dir.: Park Che-Won
19:00' / South Korea

Time for teenage discovery. The girl protagonist of Her Bath helps her mother at a Korean bath. She´s got her favorite customer who she likes to sneakily peep at while she takes her bath. A magic, mysterious, special bond for the discovery of a young womans sexuality in a sensual and poetic way.

ဆယ်ကျော်သက်တွေအကြောင်း လေ့လာဖို့ အချိန် ရောက်ပါပြီ။ ဤရုပ်ရှင်တွင် သမီးဖြစ်သူ အဓိက ဇာတ်ဆောင်မှ မိခင်၏ ကိုရီးယား ရေချိုးခန်းဝန်ဆောင်မှုတွင် ကူပေးသည်။ ဖောက်သည်များထဲမှ သူမ ချောင်းကြည့်လေ့ရှိသော သူတစ်ယောက်လည်းရှိသည်။ ရမ္မက် နှင့် ကဗျာဆန်စွာဖြင့် မိန်းမပျိုလေး တစ်ဦး၏ လိင်စိတ်ကို မှော်ဆန်ဆန် လျှို့ဝှက်ထူးခြားစွာ ဖော်ပြထားပါတယ်။

Fish Tank (Taiwan, 17')
Directors: Andy CHENG, CHENG Ya-chih, CHAN Kean-wah, YANG Chieh, FU Kai-ling
17:00' / Taiwan

It´s drama inside the fish tank. Nothing is clear in the fish tank or outside it. Daddy returns home to say goodbye to his daughter who is going abroad. Mummy still struggles after the divorce, especially when she finds dad´s new partner is David, a friend from golf.

ငါးကန်ထဲက ဒရာမာ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ငါးကန်ရဲ့ အတွင်းရော အပြင်ရော မရှင်းလင်းပါ။ နိုင်ငံခြားသွားတော့မည့် သမီးကို နှုတ်ဆက်ရန် ဖခင်ဖြစ်သူ အိမ်သို့ပြန်လာပါတယ်။ မိခင်ကတော့ ကွာရှင်းပြီးမှ ခင်ပွန်းရဲ့ လက်တွဲဖော်အသစ်ဟာ ဂေါက်ရိုက်ပြီး သိလာတဲ့ မိတ်ဆွေဖြစ်သူ ဒေးဗစ်ဆိုတာ သိလိုက်ပြီးတဲ့နောက် ယခုထိတိုင် စိတ်ညစ်နေဆဲ ဖြစ်ပါတယ်။

Khwaaish (India, 8')
Dir: Sumit Pawar
18:00' / 2018 / No Dialogues

Dream with eyes open and dream big boy. Khwaaish is a dream love story, a shooting star romance set on the sea front of Mumbai. Love can surprise us so bring it on!

မျက်လုံးကို ဖွင့်ပြီး အိပ်မက် ကြီးကြီး မက်လိုက်ပါ ဤ ရုပ်ရှင်သည် မွန်ဘိုင်းမြို့ ပင်လယ်ကမ်းခြေပိုင်းတွင် အခြေပြုထားသော အိပ်မက်ဆန်သော အချစ်ဇာတ်လမ်းလေးဖြစ်သည်။ အချစ်က ဘယ်လို အံ့အားသင့်စရာတွေ ယူဆောင်လာမလဲ ဆိုတာ ကြည့်လိုက်ကြမယ်နော်။

What do you see? (Australia 6')
Dir.: Michael Booner
6:00' / 2018 / English

Witty and confident, Sereena confronts stigma on a daily basis being transgender in todays society. In this documentary Sereena refuses to justify who she is, turning the question back onto us. Can you look past the superficial and see the real me?

စရီးနာ သည် လိင်ပြောင်းလဲ ခံယူထားသူတစ်ယောက်အနေနဲ့ နေ့စဉ် ခွဲခြား ဆက်ဆံခံရတာကို ဟာသဉာဏ် နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိကာ တွန်းလှန်နေသူဖြစ်ပါတယ်။ ဤမှတ်တမ်းရုပ်ရှင်တွင် စရီးနာမှ သူ့ကိုမေးလာတဲ့ မေးခွန်းတွေကို တစ်ဖက်ကို ပြန်လှည့်မေးထားတာကတော့ အပေါ်ယံကို ကျော်ပြီး အထဲက အစစ်အမှန်ကို မြင်နိုင်မလားတဲ့။

Film & Discussion on LGBTIQ Mental Health (starts at 4:30PM)

Ajay (India, 20')
Dir.: Vikrant Dhote
2018 / 20 min / English - Hindi

Best Indian Narrative Short at Kashish 2018

& PROUD tackles a major issue for the LGBTIQ community this afternoon: our mental health and how we can support each other better. In this short film, Ajay commits suicide after he was brutally raped by a classmate and the case was accidentally made public in the school. How did Ajay get to feel so hopeless? Couldn´t he find any other solution? How would you confront school being bullied after such a case? Testimonies from parents, teachers and friends outline the profile of the victim and his motivation to end his suffering this way. Did Ajay have anyone to talk to? Would that have changed his mind? An discussion with activists working on LGBTIQ mental health will follow up the screening.

If you relate to this problem, if you are gay, lesbian, bisexual, transgender, intersex or non-binary and dont feel you fit in. If you are being bullied at school or at work. Or if there is something bothering you and you don´t know who to talk to. &PROUD is there to support.

Phoneline counceling: 09752833306-7
Available on Wednesday 6-9PM, Saturday 1-4PM

ဒီနေ့လည်မှာတော့ &PROUD အနေနဲ့ စိတ်ကျန်းမာရေး နဲ့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုကူနိုင်မလဲ ဆိုတဲ့ LGBTIQ အသိုင်းအဝိုင်းအတွက် အရေးကြီးတဲ့ကိစ္စကို ဆွေးနွေးသွားမှာပါ။ ဤ ရုပ်ရှင်ဇာတ်လမ်းတိုမှာ အဂျေးဟာ အတန်းဖော်က ရက်ရက်စက်စက် မုဒိမ်းကျင့်တာ ခံရပြီးတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကာ ထိုအကြောင်းမှာလည်း တစ်ကျောင်းလုံး ကို မတော်တဆ ဖွင့်ပြခံရပါတယ်။ သူဘာလို့ ဒီလောက်မျှော်လင့်ချက်မဲ့ခဲ့တာလဲ။ တခြားနည်းလမ်း မရှိဘူးလား။ ဒီလိုကိစ္စမျိုးကြုံရရင် ကျောင်းကို ဘယ်လို အသိပေးမလဲ။ မိဘများ၊ ဆရာ/မ များ နဲ့ သူငယ်ချင်းများက သူ့အကြောင်းနဲ့ သူဘာလို့ ဒီလောက်ထိ လုပ်ခဲ့ရလဲဆိုတာ ပြောပြသွားပါတယ်။ သူ့မှာ စကားပြောစရာလူရှိလား။ ရှိတယ်ဆိုရင် ဒီလို အဆုံးစီရင်ခဲ့ပါ့မလား။ ရုပ်ရှင်အပြီးမှာ LGBTIQ တို့ရဲ့ စိတ်ကျန်းမာရေး အတွက် လှုပ်ရှားတက်ကြွနေသူများက ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

အကယ်၍ သင်လဲ ဒီလိုခံစားနေရတာဖြစ်စေ။ LGBTIQ ဖြစ်လို့ လူတောမတိုးသလို ခံစားရတာဖြစ်စေ။ ကျောင်း သို့မဟုတ် လုပ်ငန်းခွင်မှာ အနိုင်ကျင့်ခံရ ဖြစ်စေ။ တစ်ခုခု စိတ်အခန့်မသင့်ဖြစ်ပြီး ဘယ်သူ့ကို ပြောရမလဲ မသိတာဖြစ်စေ။ &PROUD က ကူညီဖို့ အသင့်ပါပဲ။

09752833306-7
ဗုဒ္ဓဟူးနေ့ ညနေ ၆ မှ ည ၉ နာရီအထိ
စနေနေ့ နေ့လည် ၁ မှ ညနေ ၄ နာရီအထိ

Evening Programme (starts at 6.45PM)

Goodbye Mother (Vietnam, 105)
Dir.: Trinh Dinh Le Minh
2019 / 105 min / Vietnamese

At &PROUD we don´t like to say goodbye, so this year we will say see you later with this screening of Goodbye Mother. In fact, it should be Hello mother since Van, the heir to a Vietnamese clan, returns home from the US for the first time in 9 years. And hey, he is not coming alone. Surprise!! Van has a friend. A boyfriend? The whole family gets shocked. Ian, Vans American boyfriend doesn´t know where to hide. Van´s mother still expects her son to get married and have kids to fulfill his duties as heir. But Van´s mother is also seriously ill. And then? A cute, fun, sweet comedy to wrap up the 3 weeks of Yangon Pride 2020's edition. See you next year!

&PROUD မှာ နှုတ်ဆက်တယ်ဆိုတာ မပြောချင်လို့ ဒီရုပ်ရှင်လေးနဲ့ အဆုံးသတ်ရင်း တဖန်ပြန်ဆုံမယ်လို့ ပြောချင်ပါတယ်။ တကယ်တော့ ရုပ်ရှင်နာမည်က ဟယ်လို အမေ ဖြစ်ရမှာပါ။ ဘာလို့လဲဆိုတော့ ဗီယက်နမ် မျိုးနွယ်စုတစ်ခုရဲ့ အမွေဆက်ခံရမဲ့ ဗန်ဟာ အမေရိကားမှာနေတာ ၉ နှစ်ကြာမှ အိမ်ကို ပထမဆုံးအကြိမ် အလည်ပြန်လာတာဖြစ်ပါတယ်။ အံ့ဩစရာတစ်ခုကတော့ သူ့ချစ်သူ အမျိုးသားကို ခေါ်လာခဲ့တော့ တစ်မိသားစုလုံး ထိတ်လန့်စရာဖြစ်သွားတယ်။ သူ့ချစ်သူ အီယန်ကလည်း ဘယ်ပုန်းရမလဲ မသိ။ ဗန်ရဲ့ မိခင်ကလည်း သူ့သားကို မျိုးရိုးဆက်ခံမဲ့သူ အနေနဲ့ မိန်းမယူပြီး ကလေးမွေးစေချင်တယ်။ သူမ ကျန်းမာရေးလဲ လုံးဝ မကောင်းဘူး။ ပြီးတော့ ဘာဆက်ဖြစ်ကြမလဲ ဆိုတာကို ၂၀၂၀ Yangon Pride ရဲ့ နောက်ဆုံးရုပ်ရှင်အနေနဲ့ အတူခံစားရင်းနောက်နှစ်မှာ ပြန်လည်တွေ့ဆုံကြမယ်လို့ မျှော်လင့်လျက်..