Saturday Film Programme

Saturday February 1 - 1.30PM - 9PM

Saturday afternoon shorts (starts at 1.30PM)


Rani (Pakistan, 14:05')
Dir.: Yu Jhi-han
18 min / 2019 / Urdu

Rani is a transgender woman who sells toys for kids in the streets of Karachi in Pakistan. One day on the way back from work, she finds an abandoned baby. She decides to take her home and look after her as her mum. But the life of a mother is not easy, and particularly when you are transgender.

ရာနီက ပါကစ္စတန်နိုင်ငံ ကရာချီမြို့ရဲ့ လမ်းပေါ်မှာ ကလေးကစားစရာ ရောင်းတဲ့သူဖြစ်ပြီး တစ်ရက် အလုပ်က အပြန် စွန့်ပစ်ခံထားရတဲ့ ကလေးကိုတွေ့တော့ ခေါ်ပြီးမွေးစားလိုက်တယ်။ ဒါပေမဲ့ မိခင်ဘဝဆိုတာ အထူးသဖြင့် သူ့လို လိင်ပြောင်းလဲ ခံယူထားသူအတွက် လုံးဝ မလွယ်လှပါဘူး။

Gentleman Spa (Taiwan, 14:05')
Dir.: Yu Jhi-han
18 min / 2019 / Mandarin

Hao, a chubby gay guy, works as a janitor at a gay spa but dreams of being a masseur. A chubby masseur? Yes, sir!! He struggles with his shape and considers romance to be an impossible dream. One day, an attractive customer Kai, walks in and gives Hao the opportunity to massage him. Shape is not everything!

ဟောင် က ဝဝတုတ်တုတ် ဂေးအမျိုးသားတစ်ဦးဖြစ်ပြီး ဂေးအနှိပ်ခန်းမှာ သန့်ရှင်းရေးအလုပ်သမားဖြစ်ပါတယ်။ သူ့အိပ်မက်က အနှိပ်သည်ဖြစ်ချင်တာပါ။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကြောင့် ချစ်သူရည်းစားထားဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုပါပဲ။ တစ်နေ့မှာ စွဲဆောင်မှု ရှိတဲ့ ဖောက်သည် ခိုင် က သူ့ကို နှိပ်ဖို့ အခွင့်အရေးပေးလိုက်တဲ့အခါ... ခန္ဓာကိုယ်အရွယ်အစားက အရေးမကြီးဘူးနော်!

Delivery Boy (Hong Kong, 16)
2019  English / Cantonese
Director: Hugo Kenzo

Dumpling time!  Chun Ho spends every day delivering pork and leek dumplings for a local restaurant, and starts getting seriously attracted to one of his clients, Eric. Yummy Chinese food and cheesy 70s music bring them together, but some ingredients just don´t blend together, or can they?

ချွန်ဟိုသည် နေ့တိုင်း ဖက်ထုပ်လိုက်ပို့ရင်း ဖောက်သည်ဖြစ်တဲ့ အဲရစ်ကို အရမ်းသဘောကျနေပါတယ်။ အရသာရှိလှတဲ့ တရုတ်အစားအစာနဲ့ ၇၀ ပြည့်နှစ်က သီချင်းတွေက သူတို့ကို နီးကပ်စေပေမဲ့ တစ်ချို့ အရာတွေက ဆီလျော်မှု မရှိနိုင်ဘူးလေနော်။

The Two Companions (India, 18')
Dir: Nilimesh Kar
18 min / 2017 / Bengali

Set during the period of Indias economic turmoil, this film explores the realm of unspoken unadulterated love and how together we make a stronger union going beyond the reach of materialism.  Love is love and always triumphs! It make us better stronger!

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်းရောက်နေတဲ့ အချိန် ကို ဇာတ်အိမ်တည်ထားပြီး ပြောမထွက်တဲ့ အချစ်စစ်ကို ရှာဖွေထားကာ စည်းလုံးခြင်းက ရုပ်ဝါဒတွေထက် သာတယ်ဆိုတာကို ပြထားပါတယ်။ အချစ်က အချစ်ပဲ ဖြစ်ပြီး အမြဲ အနိုင်ရနိုင်သလို ပိုလဲ အားတက်စေနိုင်ပါတယ်။

Transpiration (Australia, 10:38')
Dir.: Maggie Brittingham
10:30' / Australia / English

We believe transgender people are so brave. They have to be to overcome all their fears and come out as a different gender than the one assigned at birth. To confront the camera and share your experience is even braver.

လိင်ပြောင်းလဲ ခံယူထားသူတွေက သတ္တိရှိကြတယ်။ ကြောက်ရွံ့မှုတွေကို ကျော်လွန်ပြီး မွေးကတည်းက ပါလာတဲ့ ဂျဲန်ဒါနဲ့ ဆန့်ကျင်ဖက်ကို ပြောင်းလဲနိုင်ကြတယ်။ ဒါကို ကင်မရာဖန်သားပြင်ပေါ် ပြန်ဝေမျှနိုင်တာ ပိုလို့တောင် သတ္တိရှိတာပေါ့။

Garçone, the woman having both sexes (Japan, 31')
Dir.: Mayu Akiyama
31:00' / Japan / Japanese

Mugita is intersex, biologically she has characteristics of both genders.  She wants to be a female actress, performing alongside Asuka, a former classmate and lover. Asuka still has feelings for Mugita and doesn´t accept her decision to be a woman. A moving story about the little known world of intersex people.

မူဂိတ က မွေးရာပါ လိင်အင်္ဂါ နှစ်ခုရှိသူ ဖြစ်တယ်။ သူမဟာ ယခင်က အတန်းဖော်နဲ့ ချစ်သူဖြစ်ခဲ့ဖူးတဲ့ အာစုကာ နဲ့ တွဲဖက်မင်းသမီးအဖြစ် သရုပ်ဆောင်ချင်ပေမဲ့ အာစုကာက သူမအပေါ် သံယောဇပ် မပြတ်သေးတဲ့အပြင် သူမကို မိန်းမတစ်ယောက်အဖြစ် မမြင်ချင်ဘူး။ လူသိနည်းတဲ့ မွေးရာပါ လိင်အင်္ဂါ နှစ်ခု ရှိသူတွေအကြောင်း ရင်သပ်ရှုမောဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်။

Dear Dear (Taiwan, 11')
Dir.: Shuan Liu
11:00' / Taiwan

Oh dear!  When a mother gets too noisy and too annoying. Oh dear! When you go to the doctor for a check up and your mother discovers all the things you didnt want her to know. And how to keep it secret that your colleague is much more than that.  Oh dear, dear!

ဆရာဝန်ဆီ ဆေးသွားစစ်တဲ့အခါ အမေမသိစေချင်တာတွေ အကုန်ပေါ်ပြီး လုပ်ဖော်ဆောင်ဖက်က ကိုယ်နဲ့ သာမန် ဆက်ဆံရေးမကဘူးဆိုတာ အမေသိလိုက်ရတဲ့အချိန်။ အော်၊ ဒုက္ခ ဒုက္ခ။

Film & Discussion on 377 & Legal Issues (starts at 4PM)

Identical Dreams (India, 20')
Dir: Cynthia Roli Gupta
20 min / 2017 / India / Hindi, English

Love is not a crime. It shouldn´t be. An important conversation between two women. A topic that marks their lives, their relationship and their love. This short but powerful film is about a simple story of love, in the context of article 377 of the Indian Penal Code.

Thankfully, India has now removed article 377 the same law that is shared by Myanmar. How can Myanmar too recognize that love is not a crime? Join our panel of activists to discuss how to get legal change.

အချစ်ဆိုတာ အပြစ်မဟုတ်ပါ။ ဒီရုပ်ရှင်မှာ မိန်းမ နှစ်ဦးက သူတို့ရဲ့ဘဝ၊ ဆက်ဆံရေး နဲ့ အချစ်အကြောင်း အရေးတကြီး ဆွေးနွေးကြတာကို အိန္ဒိယ နိုင်ငံရဲ့ ပုဒ်မ ၃၇၇ နဲ့ဆက်စပ်ပြီး အချစ်ဇာတ်လမ်း ရိုးရိုးလေးနဲ့ တင်ပြထားတာ ဖြစ်ပါတယ်။

ယခုအခါမှာတော့ မြန်မာနိုင်ငံမှာလည်း ရှိတဲ့ ဒီပုဒ်မဟာ အိန္ဒိယမှာ ပယ်ဖျက်ပြီးဖြစ်ပါတယ်။ မြန်မာမှာလည်း ဒီလိုပဲ မြင်ပေးလို့မရနိုင်ဘူးလားဆိုတာကို စဉ်းစားကြည့်ပြီး ဘယ်လို တရားဝင်ပြောင်းလဲနိုင်မလဲဆိုတာကို ဆွေးနွေးပွဲ မှာ လာနားထောင်ဖို့ ဖိတ်ခေါ်တယ်နော်။

Evening Programme (starts at 6.30PM)

Shadow of Love (Myanmar, 15')
Dir.: Dylan Chow
15:00' / Myanmar

Our &PROUD LGBTIQ+ Hero from 2019, international actor Okkar Min Maung is Andy, a Myanmar kid left behind by his mother when she emigrated to the USA. He hasn´t heard from her since. Now he has moved to Los Angeles with his boyfriend and starts looking for her. Gay marriage is now legal in California and Andy and Brian are planning their wedding. Andy has unconditional love and support from his partner and his partner´s family but he still hopes his mum can attend this most important day of his life. Will Andy find what he is searching for?

၂၀၁၉ ခုနှစ်က &PROUD ရဲ့ LGBTIQ+ သူရဲကောင်းဆုရှင် ဥက္ကာမင်းမောင်ကို မိခင် အမေရိကားကို ပြောင်းသွားတဲ့အခါမှာ ကျန်ခဲ့တဲ့ ကလေးတစ်ယောက်ဖြစ်တဲ့ အန်ဒီ အဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ထိုကတည်းက မိခင် နဲ့ အဆက်အသွယ်ပြတ်သွားပြီး သူ့ချစ်သူနဲ့ အတူ လော့စ်အန်ဂျလိစ် ကို ပြောင်းနေပြီးတဲ့နောက် မိခင်ကို စတင်ရှာဖွေခဲ့တယ်။ ထိုအချိန်မှာ ကယ်လီဖိုးနီးယားမှာ လိင်တူ လက်ထပ်ခွင့်ပေးပြီဖြစ်လို့ ချစ်သူနဲ့ လက်ထပ်ဖို့ စီစဉ်ခဲ့တယ်။ ချစ်သူရဲ့ အချစ်နဲ့ သူ့မိသားစုရဲ့ လက်ခံမှုကို ရထားပေမဲ့ သူ့ဘဝရဲ့ အရေးကြီးဆုံးနေ့မှာ မိခင်ကိုရှိစေချင်တဲ့ အန်ဒီတစ်ယောက် သူ့ဆန္ဒပြည့်နိုင်ပါ့မလား။

Billie and Emma (Philippines, 106) Q+A
Dir. Samantha Lee
106 min. / 2018 / Tagalog

Billie and Emma are very different from the rest of the girls. They are also very different from each other. But sometimes opposite poles attract each other. Billie, a rebel teenage girl is sent from Manila to the provinces to attend a Catholic girls school, where her father hopes she will learn not to be a lesbian. Billie tries to fit in but her short hair and her combat boots don´t help. On the other side, Emma will see how falling in love with Billie makes her move from being a popular girl at school to the target of scorn. This film is another great example of Filipino tragic comedy, their attitude towards life, the evolution happening in the country and how some people are trying to break down social, religious, sexual and gender stigmas and prejudices. A good fun loving feature before the Saturday night party fever at &PROUD!!

ဘီလီ နှင့် အမ်မာတို့သည် အခြားမိန်းကလေးများနှင့်လည်း မတူ၊ အချင်းချင်းလဲ အတော်ကွာခြားသည်။ သို့်သော် ဆန့်ကျင်ဖက်နှစ်ခုမှာ တစ်ခါတစ်ရံ ဆွဲငင်တတ်သော သဘောရှိသည်မဟုတ်လား။ ဘီလီမှာ သူမ၏ ဖခင်မှ ယောကျ်ားလျာ မဆန်ပဲ နေတတ်ရန် မနီလာမြို့မှ နယ်မြို့တစ်ခုရှိ ကက်သလစ် မိန်းကလေးသီးသန့်ကျောင်းသို့ ပို့ထားလိုက်သည်။ သူမ ပေါင်းသင်းဝင်ဆံ့ရန်ကြိုးစားသော်လည်း ဆံပင်အတို၊ စစ်ဖိနပ်ဆန်ဆန် စီးတတ်သော သူမ အဖို့ မလွယ်ကူလှပေ။ တခြားတဖက်တွင် ဘီလီကို ချစ်မိသော အမ်မာ အနေဖြင့် ကျောင်းတွင် နာမည်ကြီးသော မိန်းကလေး အဖြစ်မှ လူများ ကဲ့ရဲ့စရာ ဖြစ်လာခဲ့သည်။ ဤရုပ်ရှင်တွင် ဖိလစ်ပိုင်နိုင်ငံ၍၌ လူနေမှုအသိုင်းအဝိုင်း၊ ဘာသာရေး နှင့် လိင်၊ ဂျဲန်ဒါ ဆိုင်ရာ ဖြစ်တည်မှုအရ ခွဲခြားဆက်ဆံမှုတို့ကို မည်ကဲ့သို့ တွန်းလှန်နေကြပုံကို ဟာသနှောသော ကြေကွဲဖွယ် ဇာတ်လမ်အဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်။ &PROUD ကိုလာရင်း စနေနေ့ည မှာ ပါတီမစခင် ဒီရုပ်ရှင်နဲ့ အရှိန်ယူလိုက်ကြရအောင်။